အခွန်ပေးဆောင်ရန်

အခွန်ပေးဆောင်ရန်အတွက် အောက်ပါ ပုံစံ – က – ဝဝ၁ ကိုဖြည့်သွင်းပြီး ပေးပို့ပါ၊၊



အခွန်ထမ်းများအတွက် မှတ်သားဖွယ်အချက်များ

လိုအပ်သော အချက်များ

အခွန်ဆောင်ရန် အတွက် အီးမေးလ် တစ်ခု ရှိရပါမည်၊၊

အခွန် ပေးဆောင်ရန်

ပြည်တွင်းအခွန်များဦးစီးဌာန၏ website ပေါ်ရှိ စီးပွားရေးလုပ်ငန်းများ နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း ခေါင်းစဥ်များအောက်တွင် ရှိသော ပုံစံ (က-၀၀၁) ကိုဖြည့်ပြီး အခွန်ဆောင်ရန်လျှောက်ထားလျှင် အခွန်ပေးဆောင်ရန်အတွက်

(၁) အခွန်လျှောက်လွှာအမှတ် (Application Number)၊

(၂)အခွန်ပေးဆောင်ပြီးကြောင်း ပုံစံ (ခ-၀၀၁) ၏ လင့်ခ်

(၃) အမျိုးသားညီညွတ်ရေး အစိုးရ၏ တရားဝင် ဘဏ်စာရင်း အမှတ်၊

(၄) ပြည်တွင်းအခွန်များဦးစီးဌာန၏ NUGPay Wallet Name သို့မဟုတ် SDB Account Name နှင့် QR Code

တို့ ပါဝင်သော ပုံစံ(က-၀၀၁) အီးမေးလ် ကို ([email protected]) မှ ပို့ပေးမည်ဖြစ်ပါသည်၊၊

ထို အီးမေးလ် တွင် ဖော်ပြထားသော (Application Number) ကို တိကျသေချာစွာမှတ်သားထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင်ဘဏ်စာရင်း သို့မဟုတ် ပြည်တွင်းအခွန်များဦးစီးဌာန၏ NUGPay Wallet သို့မဟုတ် SDB Account Username သို့ငွေလွှဲပေးပို့သည့်အခါတွင် ယင်း (Application Number) အား ရည်ညွှန်းအမှတ် (Reference) အဖြစ် ထည့်ပေးရမည်ဖြစ်ပါသည်၊၊

အပြည်ပြည်ဆိုင်ရာ ငွေလွှဲစနစ်ဖြင့် ငွေလွှဲမည်ဆိုလျှင်

  • အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင်အကောင့် သည် US Dollar (USD) ငွေစာရင်း ဖြစ်သောကြောင့် လူကြီးမင်း ထမ်းဆောင်လိုသော အခွန်ငွေ ပမာဏကို US Dollar (USD) ဖြင့် ကိုယ်တိုင်တွက်ချက် ပေးဆောင်ရမည် ဖြစ်ပါသည်၊၊
  • အခွန်ထမ်း၏ ဘဏ်စာရင်း မှ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ်စာရင်းသို့အပြည်ပြည်ဆိုင်ရာ ငွေလွှဲပို့စံနစ် (International Bank to Bank Transfer) တမျိုးမျိုးဖြင့် ပေးပို့ရန်ဖြစ်ပါသည်။
  • USD ဘဏ်အကောင့်သို့ လွှဲလျှင် Unique identification Number ကို USDနှင့် ရရှိမည်ဖြစ်ပါသည်၊၊
  • ငွေလွှဲပို့စံနစ် ၏ Reference (သို့မဟုတ် Purpose to transfer သို့မဟုတ် Note သို့မဟုတ် Information သို့မဟုတ် Message to beneficiary) ပါအခွန်လျှောက်လွှာအမှတ် (Application Number) ကို မပျက်မကွက်ဖြည့်သွင်းပါ။
  • Wise Application ဖြင့်ငွေလွှဲသူများ အနေဖြင့်   Bank Reference တွင် Application No. ကို ရေးပေးပါရန် နှင့် email addressတွင်  [email protected] ရေးပေးပါ၊၊

အပြည်ပြည်ဆိုင်ရာ ငွေလွှဲစနစ်ဖြင့် ငွေလွှဲချိန်တွင် သိထားသင့်သည့်အချက်များ

• အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေလွှဲချိန်တွင် လူကြီးမင်း၏ ဘဏ်မှ ကျသင့်သည့် ဘဏ်ဝန်ဆောင်ခများ (Bank Charges/ Service Fee) အား လူကြီးမင်းဘက်မှ ပေးဆောင်ရမည်ဖြစ်ပါသည်၊၊ ပြည်တွင်းအခွန်များ ဦးစီးဌာန သည် အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင် ဘဏ်အကောင့်တွင် လက်ခံရရှိသည့် ငွေပမာဏ ကိုသာ အခွန်ငွေအဖြစ်သတ်မှတ်မည်ဖြစ်သည်၊၊

• ငွေလွှဲချိန်တွင် သက်ဆိုင်ရာနိုင်ငံနှင့် ဘဏ်များ၏ တည်ဆဲဥပဒေ စည်းမျဉ်းများပေါ်မူတည်ပြီး ကန့်သတ်ထားသည့် ငွေလွှဲပမာဏကို သတိပြုစေလိုပါသည်။

• Reference (သို့မဟုတ် Purpose to transfer သို့မဟုတ် Message to beneficiary) တွင် ပြည်တွင်းအခွန်များဦးစီးဌာန မှ ပေးပို့ထားသည့် (Application Number) မှလွဲ၍ အခြားမည်သည့်စကားလုံးမှ မရေးမိရန် သတိထားစေလိုပါသည်၊၊

• အမျိုးသားညီညွတ်ရေးအစိုးရ ၏ တရားဝင် ဘဏ်အကောင့်သို့ ငွေဝင်ရန် ရုံးချိန် ၁ ရက်မှ ၃ ရက်အထိကြာမြင့်ပါသည်၊၊

• အခွန်ဆောင်သည့် လုပ်ငန်းစဥ် အစအဆုံးအတွက် ၃ ရက်မှ ၇ ရက်ထိ ကြာမြင့်နိုင်ပါသည်။

• ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ပေးပို့သော အီးမေးလ် များ ([email protected] နှင့် [email protected]) ကို Junk (သို့မဟုတ်) Spam Folder ထဲတွင်လဲ စစ်ဆေးစေလိုပါသည်၊၊


NUGPay ဖြင့် ငွေလွှဲမည်ဆိုလျှင်

  • Wallet Name: ird.nug*nugpay.app
  • QR Code:

  • Wallet Name အမည် ird.nug*nugpay.app မှန်ကန်မှုရှိမရှိစစ်ဆေးပါ။
  • ပေးဆောင်မည့် အခွန်ငွေတန်ဖိုး Amount မှန်ကန်မှုရှိမရှိ စစ်ဆေးပါ။
  • ငွေလွှဲသည့်အခါ Note တွင် အခွန်လျှောက်လွှာအမှတ် (Application Number) မပျက်မကွက် ဖြည့်သွင်းပါ။
  • ပုံစံ (ခ) တင်သွင်းရန် အတွက် NUGPay Wallet Recent activities မှ Money Sent Amount လွှဲငွေတန်ဖိုး၊ NUGPay Wallet အမည်နှင့် Transaction ID ဂဏန်း ၁၈လုံး တို့ပါဝင်သော Screen ကို Screenshot ဓာတ်ပုံရိုက်ယူပါ။

NUGPay ဖြင့်  ငွေလွှဲချိန်တွင် သိထားသင့်သည့်အချက်များ

• ငွေလွှဲသည့်အခါ Note တွင် အခွန်လျှောက်လွှာအမှတ် (Application Number) မပျက်မကွက် ဖြည့်သွင်းပါ။

• ပုံစံ (ခ) တင်သွင်းရန် အတွက် NUGPay Wallet Recent activities မှ Money Sent Amount လွှဲငွေတန်ဖိုး၊ NUGPay Wallet Name အမည်နှင့် Transaction ID ဂဏန်း ၁၈လုံး တို့ပါဝင်သော Screen ကို Screenshot ဓာတ်ပုံရိုက်ယူပါ။

• အခွန်ဆောင်သည့် လုပ်ငန်းစဥ် အစအဆုံးအတွက် ၃ ရက်မှ ၇ ရက်ထိ ကြာမြင့်နိုင်ပါသည်။

• ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ပေးပို့သော အီးမေးလ် များ ([email protected] နှင့် [email protected]) ကို Junk (သို့မဟုတ်) Spam Folder ထဲတွင်လဲ စစ်ဆေးစေလိုပါသည်၊၊


Spring Development Bank (SDB) ဖြင့် ငွေလွှဲမည်ဆိုလျှင်

  • Account Username : @irdmopfi
  • UID : a55db188-5ef6-4b33-b21e-bdc4875c2653
  • QR Code:

  • Account Username အမည် @irdmopfi မှန်ကန်မှုရှိမရှိစစ်ဆေးပါ။
  • ပေးဆောင်မည့် အခွန်ငွေတန်ဖိုး Amount မှန်ကန်မှုရှိမရှိ စစ်ဆေးပါ။
  • ငွေလွှဲသည့်အခါ မှတ်စုရေးရန် တွင် အခွန်လျှောက်လွှာအမှတ် (Application Number) : <Application Number>  ကို မပျက်မကွက် ဖြည့်သွင်းပါ။
  • ပုံစံ (ခ) တင်သွင်းရန် အတွက် SDB Account History မှ IRD SDB အကောင့်သို့ လွှဲငွေတန်ဖိုး၊ SDB Account Username၊ UID နှင့် Transaction ID ဂဏန်း ၂၄လုံး တို့ပါဝင်သော Screen ကို Screenshot ဓာတ်ပုံရိုက်ယူပါ။

SDB ဖြင့်  ငွေလွှဲချိန်တွင် သိထားသင့်သည့်အချက်များ

• ငွေလွှဲသည့်အခါ Note တွင် အခွန်လျှောက်လွှာအမှတ် (Application Number) မပျက်မကွက် ဖြည့်သွင်းပါ။

• ပုံစံ (ခ) တင်သွင်းရန် အတွက် SDB Account History မှ IRD SDB အကောင့်သို့ လွှဲငွေတန်ဖိုး၊ SDB Account Username၊ UID နှင့် Transaction ID ဂဏန်း ၂၄လုံး တို့ပါဝင်သော Screen ကို Screenshot ဓာတ်ပုံရိုက်ယူပါ။

• အခွန်ဆောင်သည့် လုပ်ငန်းစဥ် အစအဆုံးအတွက် ၃ ရက်မှ ၇ ရက်ထိ ကြာမြင့်နိုင်ပါသည်။

• ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ပေးပို့သော အီးမေးလ် များ ([email protected] နှင့် [email protected]) ကို Junk (သို့မဟုတ်) Spam Folder ထဲတွင်လဲ စစ်ဆေးစေလိုပါသည်၊၊


အခွန်ငွေ လွှဲပြီးသောအခါ

• အခွန်ပေးဆောင်ပြီးကြောင်း ပုံစံ (ခ-၀၀၁) ကိုမပျက်မကွက် ဖြည့်သွင်းရပါမည်။

• ပုံစံ (ခ-၀၀၁) ကိုဖြည့်သွင်းရာတွင်လိုအပ်သည့် အချက်အလက်များနှင့် မိမိငွေလွှဲထားသော အထောက်အထား များကို ချိတ်ဆက် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။

• လုံခြုံ‌ရေး အကြောင်းပြချက် တစုံတရာကြောင့် အချက်အလက်အမှန် ဖြည့်သွင်းရန် အဆင်မပြေလျှင် ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ပြန်လည်ဆက်သွယ်နိုင်မည့် အီးမေးလိပ်စာ နှင့် ငွေလွှဲထားသော အထောက်အထား သာပေးပို့နိုင်ပါသည်။

• ပြည်တွင်းအခွန်များဦးစီးဌာန မှ လက်ခံရရှိငွေကို စစ်ဆေးပြီးနောက် လူကြီးမင်း ပေးဆောင်လိုက်သော အခွန်ငွေ ကို လက်ခံရရှိကြောင်း သက်သေအထောက်အထားအဖြစ် (Unique Identification Number) နှင့်တကွ ဂုဏ်ပြုမှတ်တမ်းလွှာကို ([email protected]) မှ ပြည်လည် ပို့ပေးမည်ဖြစ်ပါသည်၊၊

• ၎င်း Unique Identification Number သည် လူကြီးမင်း၏ တစ်ခုတည်းသော အခွန်ဆောင်ခြင်းဆိုင်ရာ သက်သေအထောက်အထားမှတ်တမ်းဖြစ်သည့်အတွက် အခြားသူများအား မပြသင့်ပါ၊၊


စုပေါင်းအခွန်ထမ်းဆောင်ခြင်း

စုပေါင်းအခွန်ဆောင်လိုသူများ အနေဖြင့် အခွန်ထမ်း ၁၀ ဦးအထိ စုပေါင်းပြီး ငွေလွှဲခြင်းဖြင့် အခွန်ပေးဆောင်နိုင်ပါသည်၊၊

စုပေါင်းအခွန်ဆောင်လိုသူများ အတွက် လိုအပ်သောအချက်များ

• ပုံစံ (ခ-၀၀၁) ကို ဖြည့်သွင်းချိန်တွင် “ အခွန်ထမ်း အများစုကို ကိုယ်စားပြု၍ စုပေါင်း အခွန်ထမ်းဆောင်ခြင်း ဖြစ်ပါသလား။”  ဆိုသည့်မေးခွန်း ကို “ ဟုတ်ပါသည်” ဟု အဖြေပေးရပါမည်။

• ငွေလွှဲပြီးသောအခါတွင် အခွန်ထမ်းအဖွဲ့သည် အခွန်ပေးဆောင်ပြီးကြောင်း ပုံစံ (ခ-၀၀၁) ကို မပျက်မကွက် ဖြည့်သွင်းရန် လိုအပ်ပါသည်။

• စုပေါင်းအခွန်ထမ်းဆောင်သည့် အဖွဲ့ဝင် အခွန်ထမ်း တစ်ဦးချင်းစီ အတွက် ပုံစံ (ခ-၀၀၁) တစ်ခုစီ ဖြည့်သွင်းပေးပို့ရန် လိုအပ်ပါသည်။

ဥပမာ – စုပေါင်းအခွန်ဆောင်သူ ၅ ဦးဖြစ်လျှင် ပုံစံ(ခ-၀၀၁) ကို အခွန်လျှောက်လွှာအမှတ် (Application Number) တစ်ခုတည်းကိုသာ အသုံးပြု၍ ၅ ကြိမ် ဖြည့်သွင်း ပေးပို့ရပါမည်။ အခွန်ထမ်း အမှတ်စဉ် နံပါတ် နေရာတွင် လျှောက်လွှာ ၅ စောင်ကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု အမှတ်စဉ်တပ် ဖြည့်သွင်းရန်ဖြစ်ပါသည်။

• အခွန်ထမ်း တစ်ဦးစီအတွက် (Unique Identification Number) တစ်ခုစီ သီးသန့်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

• စုပေါင်းငွေလွှဲထားသည့် အထောက်အထား စာရွက်စာတမ်းနှင့် စုပေါင်းအခွန်ထမ်းဆောင်သည့် အခွန်ထမ်းအသေးစိတ် စာရင်းကို အခွန်ထမ်းတစ်ဦးချင်းစီအတွက် ပုံစံ (ခ-၀၀၁) တွင် ချိတ်ဆက် (Attached File) အဖြစ် ပေးပို့ရမည်ဖြစ်ပါသည်။

• စုပေါင်းအခွန်ထမ်းဆောင်သည့်အခွန်ထမ်း အသေးစိတ်စာရင်း နမူနာ တွင်ပါဝင်သည့် ငွေပမာဏနှင့် အမျိုးသားညီညွတ်ရေး အစိုးရဘဏ်တွင် လက်ခံရရှိသည့် ငွေပမာဏ မတူညီလျှင် -အမှတ်တကယ်လက်ခံရရှိသည့် ငွေပမာဏအတွက်သာ (Unique Identification Number) ထုတ်ပေးသွားမည်ဖြစ်သည်၊၊


တော်လှန်ရေးကာလ တာဝန်ကျေပွန်သော အခွန်ထမ်းပြည်သူများကို ပြည်တွင်းအခွန်များဦးစီးဌာနက ကျေးဇူးတင်ပါသည်။

အရေးတော်ပုံ အောင်ရမည်။